Thursday, August 4, 2016

ဖုန်းကိုင်တဲ့သူတိုင်း သိထားသင့်တဲ့အကြောင်းအရာများ

#ဖုန်းကိုပျက်စီးစေတဲ့အချက်များထဲမှာ သင်ထင်မှတ်မထားတဲ့ အရာများစွာ ဖြစ်နေပါတယ်။  app တွေ ဒေါင်းလုဒ် ရယူခြင်းက သင့်ဖုန်းအတွက် မကောင်းဘူးဆိုတာမျိုးကတော့ သင်သိပြီးဖြစ်မှာပါ။ ဘာလို့လဲဆုငိတော့  အချို့ app တွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆော့ဝဲလ်တွေ ပါနေနိုင်တာကြောင့်ပေါ့။ ဒါတင် မကသေးပါဘူး။ သင့်ရဲ့ နေ့စဉ်ပြုမူလုပ်ဆောင်မှုတွေကလည်း သင့်ဖုန်းကို ဖျက်စီးသလို ဖြစ်နေတယ်ဆိုတာ သတိထားရမှာပါ။ အဲ့ဒီအရာတွေကတော့

#နေရောင်ခြည်နဲ့ထိတွေ့ခြင်း
ဖုန်းကို နေပူထဲ ဘယ်တော့မှ မထားခဲ့ပါနဲ့။

#ဘောင်းဘီနောက်ကျောအိပ်ကပ်ထဲထည့်သိမ်းထားခြင်း
နောက်ကပ်ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတာဟာ ထိုင်ရင် ဖုန်းကို ကွေးသွားစေနိုင်ပါတယ်။

#ဈေးပေါပေါဖြင့်ရသောအားသွင်းကြိုးများ
အဲဒီလိုအားသွင်းကြိုးအများစုက ပါဝါကို လိုသလောက် မဖြည့်ပေးနိုင်ပါဘူး။ တချို့ဆိုရင် ဘေးကင်းလုံခြုံမှုအပိုင်းကို လုံးဝထည့်သွင်းမထားတာပါ။

#ဖုန်းကိုတစ်ချိန်လုံးဖွင့်ထားခြင်း
ဖုန်းကို အနားမပေးဘဲ အဆက်မပြတ် အသုံးပြုခြင်းက ဘက်ထရီကို ပျက်စီးစေပါတယ်။

#တခြားပစ္စည်းများနဲ့အတူရောပြီးထည့်သိမ်းထားခြင်း
သော့တွဲများ၊ အကြွေစေ့တွေ စတာတွေနဲ့  အိတ်ကပ်ထဲ ထည့်သိမ်းထားပါက ဖုန်းမှာ ခြစ်ရာတွေ ဖြစ်စေနိုင်ပါတယ်။

#ဖုန်းအပူလွန်တာအသက်အန္တရာယ်များပြီး တချို့ကိစ္စတွေမှာ အပူလွန်ကဲရင် ဖုန်းကို လုံးဝ ပျက်စီးသွားစေနိုင်ပါတယ်။ နေပူထဲ အပန်းဖြေသွားတဲ့အခါ မိမိဖုန်းကို ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဖုန်းအပူချိန် မလွန်ဖို့ ဒီအချက်လေးတွေကိုလည်း သိထားဖို့ လိုပါတယ်။

(၁) ဖုန်းကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့သော နေရာတွေမှာ မထားပါနဲ့။ အပူချိန်ပိုမိုလျော့နည်းတဲ့ တစ်ရိပ်တစ်ခုခုအောက် သို့မဟုတ် အိတ်တစ်ခုခုထဲ ထည့်သိမ်းထားပါ။

(၂) ဖုန်းအခွံကို ဖြုတ်မထားပါနဲ့။ အပူထိန်းပေးပြီး ဖုန်းကိုအေးနေအောင် ကာကွယ်ပေးလို့ဖြစ်ပါတယ်။

(၃) မလိုအပ်တဲ့ background ပရိုဂရမ်တွေ ပိတ်ထားပါ။ processer ကို ပူနွေးမှုသာဖြစ်စေပါလိမ့်မယ်။

(၄) မလိုအပ်သေးရင် ဖုန်းကို ပိတ်ထားလိုက်ပါ။ အပူအချက်ချင်း သက်သာစေပါလိမ့်မယ်။

(၅) ဂိမ်း သို့မဟုတ် map တွေ အသုံးမပြုပါနဲ့။ ဂိမ်းကစားစဉ် သို့မဟုတ် map သုံးတဲ့အခါ ဖုန်းအပူမြင့်တက်တာ သတိထားမိပါလိမ့်မယ်။

(၆) ဖုန်းကို ကားထဲ ချန်မထားခဲ့ပါနဲ့။

(၇) ဖုန်းက အရမ်းပူနေလျှင် အားမသွင်းပါနဲ့။ ဘက်ထရီတွေဟာ အားသွင်းနေစဉ် အပူမြင့်တက်ကြတာဖြစ်တယ်။

#ဖုန်းရေစိုသွားခဲ့ရင်
သင်လုပ်မယ့် နည်းလမ်းက ဖုန်းကိုဆယ်ပြီး ဆန်အိုးထဲ ထည့်ထားလိုက်ခြင်းဖြင့် ရေစိုသွားတဲ့ ဖုန်း အစိတ်အပိုင်းတွေ ခြောက်သွေ့ သွားအောင် လုပ်ဖြစ်မှာပါ။
အဲဒီနည်းလမ်းကို သင်ဘယ်လို သိခဲ့တာလည်း မသိပေမယ့် ပိုကောင်းတဲ့ နည်းလမ်းတစ်ခုကို ပြောပြပါမယ်။

အဲဒါကတော့ ကြောင်တွေကို သန့်ရှင်းရေးလုပ်ဖို့ ၊ ကြောင်တစ်ကောင်ရဲ့  အညစ်အကြေးတွေကို ရှင်းလင်းဖို့ အသုံးပြုတဲ့ Cat Litter ပဲ ဖြစ်ပါတယ်။ အဲဒီ Cat Litter ဟာ ဆန်စေ့ တွေထက် စိုစွတ်မှုကို ဖယ်ရှားရာမှာ ပိုမို ကောင်းမွန်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် သင့်ဖုန်း ရေထဲကျသွားခဲ့ရင်တော့ ကြောင်အညစ်အကြေးတွေကို ဖယ်ပြီး Litter ဘူးထဲမှာ ခဏလောက် ထည့်ထားလိုက်ပါ။ တတ်နိုင်သလောက် အချိန်ကြာကြာထားပါ။ အများဆုံး ၂ ရက် လောက် ထားလိုက်ရင် သင့်ဖုန်းအတွင်းက စိုစွတ်မှု အားလုံးဟာ ရာနှုန်းပြည့် ပျောက်ကွယ်သွားပါလိမ့်မယ်။

Credit-TrendMyanmar

Nay Ye Thway

နောက်ထပ်ဖတ်ရှုသင့်သောအကြောင်းအရာ
( Phone Lockဖြေနည်း )
[ Clip Here ]

No comments:

Post a Comment