Monday, September 26, 2016

MPT / Telenor / Ooredoo တို့အကြောင်း သိမှတ်ဖွယ်ရာများ

MPT / Telenor / Ooredoo တို့အကြောင်း သိမှတ်ဖွယ်ရာများ

လိုအပ်လာလျှင်အသုံးပြုဖို့
MPT / Telenor / Ooredoo

MPT
******

-> ဖုန်းပြန်ခေါ်ပေးပါ
*222*လက်ခံမည့်ဖုန်းနံပါတ်#call
-> ဘေလွှဲရန်
*223*ငွေပမာဏ*လပ်ခံမည့်ဖုန်း#call
-> ဘေစစ်ရန်
*124# call (or) *124*1#call
-> အခြားဖုန်းငွေဖြည့်ရန်
*123*PIN.NO*လက်ခံမည့်ဖုန်း#call
-> Internet Package ဝယ်ရန်...
400MB (or) 1GB (or) 5GB ထိရှိတယ်။
400MB ဆို ၁လ 2800 ကျမယ်။
1GB ဆို ၁လ 6500 ကျမယ်။
5 GB ဆို ၁လ 25000 ကျမယ်။
ဝယ်ချင်ရင် 1332 ကို ဝယ်ချင်သလောက် SMS ပို့ပါ
ဥပမာ 1GB ဝယ်ချင်ပါက 1332 ကို 1GB ဟုရိုတ်နှိပ်၍ Sms ပို့ပေးရမှာဖြစ်ပါတယ်။

Telenor
**********

-> ငွေလက်ကျန်စစ်ဆေးရန်
*124#
-> ငွေဖြည့်ချင်ရင်
*123*pin#
-> ဖုန်းဘေကုန်နေတဲ့အချိန် သူများကို ဖုန်းပြန်ခေါ်ခိုင်းမယ်ဆို
*979*3*2*ph.no#
-> တယ်လီနော ကတ်အချင်းချင်း ငွေဖြည့်ပေးမယ်ဆိုရင်
*979*1*3*2*ph.no*pin#
-> Telenor ကတ်အချင်းချင်း ငွေလွှဲချင်ရင်
*979*2*4*ph.no*amount#
-> Facebook ကို 1400 ကျပ်နဲ့  14 ရက် သုံးမယ်။
၁၄၀၀ ကျပ်တည်း နဲ့ ၁၄ ရက်အတွင်း ဖေ့စဘွတ်အဝသုံး၊ ဖေ့စဘွတ် ဗီဒီယို အဝကြည့် ချင်ရင်
500 ကို ‘FB’ ဆိုပြီး ပို့ပါ။
-> အရေးပေါ် ခေါ်နိုင်တဲ့ ဖုန်းနံပါတ်တွေကတော့
*979*3*3*1# (ရဲစခန်း)
*979*3*3*2# (ဆေးရုံကား)
*979*3*3*3# (မီးသတ်)
-> ဖုန်းငွေကုန်သွားလို့ တယ်လီနောဆီက ပိုက်ဆံ ၇၀၀ ချေးချင်တယ်ဆို
*500#
-> နောက်ဆုံးပို့ထားတဲ့ SMS ၅ ခုကို ပြန်လိုချင်ရင်
*979*1*4*3#
-> ငွေဖြည့်ထားတဲ့ Top Up ၅ ခုကို ပြန်သိချင်ရင်
*979*1*4*2#
-> နောက်ဆုံးခေါ်ထားတဲ့ ဖုန်း နံပါတ် ၅ ခုကို သိချင်ရင်
*979*1*4*1#
-> အင်တာနက် setting ကိုယ်တိုင်ထည့်မယ်ဆို သို့ APN က 'internet' ဖြစ်ပါတယ်။
နံပါတ် နှိပ်ပြီးမေးမယ်ဆို...
*979*3*1#
-> ငွေလက်ကျန်ကို အင်တာနက် package၊ စူပါဇီးကွက်၊ bonus တွေရဲ့ လက်ကျန်ငွေကိုပါ သိချင်တယ်ဆို
*124*1# သို့ *979*1*1#
-> Miss Called Alert ဆိုတာ ဖုန်းပိတ်ထားတဲ့အချိန် သို့ ဆက်သွယ်မှု ဧရာယာ ပြင်ပရောက်နေချိန်
တစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ခေါ်ခဲ့တယ်ဆို ဖုန်းပြန်ဖွင့်တာ နဲ့ SMS ပို့ပြီးတော့ ပြောပြမှာပါ။
ဝန်ဆောင်မှုက အခမဲ့ပါ။ Miss Called Alert ဖွင့်ဖို့...
*979*2*3*1*2# (သို့) "MCA ON" ဆိုပြီး 222 ကို SMS ပို့ပါ
-> Miss Called Alert ဖြုတ်ဖို့
*979*2*3*2*2# (သို့) "MCA OFF" ဆိုပြီး 222 ကို SMS ပို့ပါ
-> တယ်လီနော ရဲ့ Mobile Money Account ကို သုံးမယ်ဆိုရင်
*900#
-> စူပါပွားကို ဖွင့်မယ်ဆို
*365*1# သို့ SUP ON လို့ 365 ကို SMS ပို့ပါ
-> စူပါပွားကို ဖြုတ်မယ်ဆို
*365*2# သို့ SUP OFF လို့ 365 ကို SMS ပို့ပါ
-> နိုင်ငံခြားရောက်နေလို့ မြန်မာပြည်က တယ်လီနော နံပါတ်နဲ့ နဲ့ ဟိုနိုင်ငံမှာ ဈေးပေါပေါ ဆက်ပြီး အသုံးပြုဖို့ My Roaming Day Pack
*979*2*1*1#
-> တယ်လီနော်က မိနစ် ၁၀၀ ကိုဝယ်မယ်ဆို
*801# (or) *979*2*1*2#
-> ၈၀၀ ကျပ်တန် စူပါဇီကွက် တစ်ပတ်စာ ဝယ်ဖို့အတွက်
*803# (or) *979*2*1*4#
->၂၅၀၀ ကျပ်တန် စူပါဇီကွက် တစ်လစာ ဝယ်ဖို့အတွက်
*802# (or) *979*2*1*3#.
-> Phone Ring Tunes
ဖုန်းခေါ်ဆိုတဲ့အချိန် သီချင်းသံလေးတွေ သူများကို ပေးထားထောင်စေဖို့ အတွက်ဖြစ်ပါတယ်။ ၃၀၀ ကျပ်တော့ ပေးရပါတယ်။
Phone Ring Tunes ဖွင့်ဖို့။
*979*2*3*1*1#
-> Phone Ring Tunes ဖြုတ်ဖို့အတွက်
*979*2*3*2*1#
-> Internet Package ဝယ်မယ်ဆိုရင်
*979*2*2# (or) *400# (ပင်မစာမျက်နှာ)
*979*2*2*4# (or) *400*4# (My Internet weekly 110Mb: 500kyats)
*979*2*2*5# (or) *400*5# (My Internet monthly 500Mb: 1900kyats)
*979*2*2*1# (or) *400*1# (Smart Internet monthly 500Mb: 2700kyats)
*979*2*2*2# (or) *400*2# (Smart Internet monthly 1.25Gb: 6600kyats)
*979*2*2*3# (or) *400*3# (Smart Internet monthly 2.4Gb: 11900kyats)
-> တယ်လီနောရဲ့ ဘော်ဒါ Pack ကိုယူပြီး မိနစ် ၁၀၀ အတွက်
တစ်မိနစ် ၁၅ ကျပ် နဲ့ စကားပြောမယ် ဆိုရင်
*801# call သို့ 500 ကို ‘T1500’ ဆိုပြီး SMS ပို့ပါ

Ooredoo
***********

-> မိမိဖုန်းကို ငွေဖြည့် (Topup) လုပ်လို ပါက
*123* <ဂဏန်း ၁၆ လုံးပါ ငွေဖြည့် PIN နံပါတ်> # ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> အခြား Ooredoo ဖုန်း နံပါတ်သို့ ငွေဖြည့်ပေး လိုပါက
*123*< မိမိငွေဖြည့် သွင်းပေး လိုသော ဖုန်းနံပါတ် > * <ဂဏန်း ၁၆ လုံးပါ ငွေဖြည့် PIN နံပါတ် ># ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> ဖုန်း ငွေလက်ကျန် စစ်ဆေး လိုပါက
*124# ကို နှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> ၀န်ဆောင်မှု များကို စီမံရန်
*133# ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> မိမိ၏ ဖုန်းနံပါတ်ကို စစ်ဆေးရန်
*133*5# ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။
-> ဖုန်း ငွေလွှဲပြောင်း ပေးလို ပါက
*155*< လွှဲပြောင်း လိုသော ပမာဏ > *< လက်ခံမည့် သူ၏ ဖုန်းနံပါတ် ># ကိုနှိပ်ပြီး
Call ခလုတ်ကိုနှိပ်ပါ။
-> အခြားသူအား မိမိဖုန်းကို ငွေဖြည့်ပေး စေလိုပါက
Top Me Up Function ကို အသုံးပြုနိုင် ပါသည်။
*126*< ဖုန်း ငွေဖြည့် ပေး မည့် သူ၏ ဖုန်းနံပါတ် >*< ဖုန်း ငွေဖြည့် လိုသော ပမာဏ ># ကိုနှိပ်ပြီး
Call ခလုတ်ကိုနှိပ်ပါ။
-> ဖုန်း ပြန်ခေါ်စေ လိုပါက
Call Me Back Function ကို အသုံးပြုနိုင် ပါသည်။
*122*< ပြန်ခေါ်စေ လိုသော ဖုန်းနံပါတ် ># ကိုနှိပ် ပြီး Call ခလုတ်ကို နှိပ်ပါ။

Credit to original writer

Saturday, September 24, 2016

ရွာပျောက် ကျွန်းငယ်

ရွာပျောက် ကျွန်းငယ်
===========

          အချိန်အားဖြင့်  ညနေ နေဆွယ်ကျိုး  လုခမန်း
တိမ်တောက်ချိန် နေမင်းတောတန်း ခို ချိန်ဖြစ်လေသည်။

       ''ကဲ ရှေ့က ကျွန်းကို တက်နဲ့ပဲ လှော်ကြကွာ ''
ည မှောင်နေပြီးမို့ ကျွန်းတစ်ခုအား ဦးအေးမောင်
ကပ်ခိုင်းလိုက်လေသည်။

          စက်လှေက စက် ခဏခဏ ကြောင်နေ၍ တက်နှင့် လှော်ရသည့် အခန်းများပါသောကြောင့် လူတစ်ချို့
လည်း ပင်ပန်းနေပြီး ဖြစ်လေသည်။

     ဦးအေးမောင် ဦးဆောင်သော ဘုရားဖူး အဖွဲ့မှာ ဒေါင်းဖြူ
မြို့ထဲရှိ  ကျိုက္ကလွန်ဗွန်း ဘုရား ပွဲ သို့ နေ့ချင်း ပြန် သွားခြင်းဖြစ်လေသည်။

ညနေဖက်  လှေပြိုင်ပွဲ ကြည့်နေသဖြင့် အချိန်လင့်သွာပြီး
ပြန်လာရမှ   စက်လှေစက်က ဗြုန်းသားကြီး စက်သေကာ  ချူချာ သွားလေသည်။

မိန်မသားများ ပါနေခြင်းကတစ်ကြောင်းမို့
လေမိုး ဒဏ် ရှောင်နိုင်ရန် ကျွန်းတစ်ခု အား တစ်ည နားရန် ရွေးလိုက်လေသည်။

         ''ကဲပါလာတာတွေ စားသောက်ပြီး နားကြတော့
စကားအပြော အဆို သတိထားကြပါ''   ဦးအေးမောင်
က  အဖွဲ့၏ လူကြီးပီပီ လိုအပ်တာများ မှာကြားလေသည်။
  
       ''ဖိုးတုတ်ဟိုမှာ လှေတွေပါ့ လားကွ  ဘယ်ကရောက်
လာတာလည်း  ''
''ဒီကျွန်း မှာ ငါးလာဖမ်းတဲ့ အဖွဲ့နေမှာပေါ့ ကွာ ငအောင်ရာ''
  ''ဒါပေမဲ့ တို့လာတုန်း က မတွေ့မိဘူးနော် လူသံလည်း
မကြားဖူး  ဒီလောက်လှေများတာ''
   ''ဒါတော့ ငါလည်း မသိဘူး မှောင်နေပြီး နားတဲ့ နေရာ
ပြန်ကြမယ်''

နှစ်ယောက်သား  ကမ်းနားတစ်လျှောက် လမ်းလျှောက်ရင်း
နားသောနေရာသို့ပြန်လာခဲ့လေသည်။

      တဖြည်းဖြည့်နှင့် အမှောင်က ကြီးစိုးလာလေသည်
လရောင်ယဲ့ယဲ့ လေးသာရှိပြီး ပတ်ဝန်ကို တော့ အနည်းငယ်
မြင်ရလေသည်။

     ''လေတွေလာပြီး  အမြန်ပြောင်း ဖို့ပြင်ကျ'' ဒုန်းးးဝုန်းး
အားးးးး   အသံများ ကြားရ၍ ဦးအေးမောင်တို့ အဖွဲ့
လူပ်လူပ် ရှားရှားဖြစ် သွားလေသည်။

  ''ဘယ် က လူတွေလည်း ဦးအေးမောင် ''
ဦးအေးမောင် တစ်ခုခု ကို သတိယ ဟန်ဖြင့်  မျက်နှာ
ပျတ်သွား လေသည်။

  ''ဟ ငါလည်း ဘယ်သိမတုန်း  ဟ''  ကမ်းနား တစ်လျှောက်
တွင် လူများ လူပ်ရှာသွား လာနေကြလေသည်။လရောင် ဆမ်းဆမ်း မို့ မသဲကွဲပေ မိန်မ ယောကျာ် ကလေး စုံလင်လှပေသည်။

      ''ဒါ တံငါ သည် တွေ နေမှာပေါ့ခုန လှေတွေ
တွေ့လိုက်တယ်''
  ဖိုးတုတ် စကားကြောင့်  ဇဝေဇဝါ ဖြစ်သွား ကြလေသည်
   ငါးဖမ်းဖို့ ဆိုလည်း မိန်မနှင့် ကလေး တွေက မပါနိုင်
အခု ဟာကလည်း  လူပေါင်း  ၃၀ နီးပါ ရှိလေသည်။

''အကုန်လုံ ဘုရာတရာ အာရုံပြုထားပြီး ကိုယ်ရတာ
ကိုယ်ရွှတ်ကြ  ' ' အကုန် လုံးက ကြောက်လန့်နေကြလေသည်။

   မကြာမှီိအချိန်အတွင်မှာ ပင် ငိုသံများ ရယ်သံများ
ထွက်ပေါ်လာလေသည်။
''ခင်းဗျား တို့က လူစားလည်းဖို့  လာကျတာလား ''
ထူခြားသော အသံတစ်ခု ကြောင့် ဦးအေးမောင်က ပင်
ဦးဆောင်ကာ 
''မဟုတ်ပါဘူး ခင်ဗျား ခရီးသည် တွေပါ ''
''ဦးအေးမောင် ဘယ်သူပြောနေတာလည်း ''
''ငါလည်း မသိဘူး   အလွယ်တကူး ပြန်မပြော မိစေနဲ့''
''ခင်ဗျာ တို့က လူစားလည်း ဖို့လာတာပါ   ဟုတ်တယ်မှတ်လာ ဟားးးးဟားးးဟားးး''
  
မေးသော အသံများက ကျယ်လောင်လာကာ   ကျွန်းတစ်ခု
လုံး ဟိန်းနေလေသည်  မူလ အသံမှ ကြောက်ရွံ့ဖွယ်
အသံ များ ကူးပြောင်းလာလေသည်။

    ''လာကြပါဦး ကယ်ကြပါဦး ရှင်'' အကူအညီး တောင်း
သံများ လည်း ဆူညံနေလေသည်။
  ဦးအေးမောင်တို့ အဖွဲ့က တော့ ဘုရာကို အာရုံပြုကာ
ကိုယ်ရတာ များရွတ်ဖတ်ပြီး အမျှ ဝေကြလေသည်။

   ကျွန်တစ်ခုလုံး ကာ  ရွာတစ်ရွာကဲ့ သို့ ဆူညံနေပြီး
စကားပြောသံများ   အော်ဟစ် ငိုကြွေး သံများ ပြည့်နှက်နေလေသည်။ တစ်ခါ တစ်ခါ သူတို့ဘက်သို့
လူများ လျှောက်လာတက်ပြီး အနီးအနားတွင် ပျောက်ကွယ်
သွားလေသည်။

       ညအတော် နက်သည့် အထိ အသံများက ပျောက်ရှ ခြင်း
မရှိပေ     အော်ဟစ် ညည်းညူ သံများ လည်း   ကြားနေ ရလေ သည်။     အာရုဏ် တက်ချိန်လောက်မှ အသံများ
ပျောက်သွားလေသည်။
  
     မနက်လင်းသောအခါ ကျွန်းတစ်ခု လုံက တိတ်ဆိတ်
နေလေသည်။ စက်လှေ စက်း အား နိုးကြည့်သော အခါ လည်း
အကောင်းအတိုင်း ပင် ဖြစ်လေသည်။

    ဦးအေးမောင်တို့ စဉ်းစာ မနေတော့ ပဲ ရွာ  သို့ အမြန်
ထွက်ခွာ လိုက်လေသည်။ ထိုအကြောင်း ကိုတော့ ရွာ ရောက်
မှ ပြောရဲးကြလေသည်။

             ''ဦးသာအေ ဒါ ဘယ်လိုသဘော လည်း  ဟင်''
တစ်ဖွဲ့လုံး ဝိုင်းမေးကြလေ သည်။
  ''ဒါ ဆရာတော် တစ်ခါ ပြောဖူးတဲ့ ဖားကျွန်ရွာ ပျတ် ဖြစ်မယ် ထင်တယ်ကွ''
  ''ဟင် ဟုတ်လာ သိရင်နည်းနည်း လောက် ပြောပြပါ့လား''

   ''အေ ငါလည်း ညက အဖြစ်အပျတ် ဖြစ်မှ သတိ ပြန်ရလိုက်တာ ကွ  ညက မပြောတာ ကလည်း
မင်းတို့ ကြောက်မှာစိုးလို့  အခုသိသလောက်တော့
ပြောပြမယ်  ဒီလိုကွ ငါ့တူတို့ရ  '''

      ဧရာဝတီတိုင် မြစ်ကမ်းဘေး တစ်လျှောက်တွင် တဲမက
အိမ်မကျသော ဓနိ၊သက်ကယ်မိုး  ဝါးခြမ်းပြား များ ခင်းသော
တဲလေးများ အစီအရီ ရှိတက်ကျလေသည်။

များသောအားဖြင့် မြစ်ထဲတွင် ကွန်ပစ်။ပိုက်ချ ၊ကြိုးတန်း
ချကာ ငါးပုစွန် ရှာဖွေကာ ဝမ်းရေး ဖြေရှင်းကြလေသည်။
နွေရာသီ တွင် မြစ်အလယ်တွင် သဲများ သောင်ထွန်းကာ
ပေါ်လာသောကြောင့်  လူများစုကာ နေထိုင်ကြလေသည်။

ဧရာဝတီမြစ်ရိုးတစ်လျှောက် မြစ်ကောသော နေရာများ
တွင် ရေးကြောင်းလွဲးကာ မြစ်ကျိုးအင်ဖြစ်ပြီး  အပြီးအပိုင်
ကျွန်းငယ်ကဲ့ သို့ဖြစ်သောနေရာများ လည်း ရှိတက်လေသည်။

    ထိုကျွန်းငယ် ကဲ့သို့ ဖြစ်နေသော နေရာများ အနက်       ဧရာဝတီ တိုင်း     ဒေါင်ဖြူမြို့ ရှိ  ဖားကျွန်း   သည်လည်း
မြစ်ကျိုးအင် တစ်ခုဖြစ်လေသည်။

   ကျွန်းငယ် ဖြစ်သည်နှင့် တဲလေးများမှ အိမ် ရွာအထိ ဖြစ်လာ
ခဲ့လေသည်။ အရင်က သောင်ပေါ်ချိန်တွင် ဖား အလွန်ရ
တက်သောကြောင့် ဖားသောင်ပြင် ဟုခေါ်ရာမှ
ယခု ကျွန်းဖြစ်လာသောကြောင့် ဖားကျွန်းရွာ ဖြစ်ခဲ့လေသည်။

  ''ကိုဖိုးစိန်  ဒီနေ့ ညနေ မုန်တိုင်း ရှိတယ် ကြာတယ်ဗျ''
  ''အေဗျာ  ရွာခြေ ပြန်ခိုင်း ကြမလား ဒီလောက်တော့
ဆိုးမယ် မထင်ပါဘူးဗျာ''
      
         ကိုဖိုးစိန်ဆို သည်မှာ ကျွန်းလေး၏  လူကြီးတစ်ယောက်
အဖြစ် သတ်မှတ် ထားခြင်းဖြစ်လေသည်။ ကျွန်း ဆိုသော်လည်း    လူသူ အဝေး ကြီးမဟုတ်  တစ်ခါတစ်ရံ
ရွာဘက်မှာ ငါးထောင်သူများ  လာလေ့ရှိလေသည်။

     ည ၁၀နာရီခန့် တွင်  ကောင်ကင်တစ်ခု လုံးနီမြန်
ကာ လေများစတင် တိုက်ခတ်လေသည်။
  ''အကုန်လုံးလှေပြင်ထား ကြ ကမ်းပြန်ကပ်  ဖို့လုပ်ထား''
ဦးဖိုးစိန် ၏  စကားကြောင့်  ရွာသား များ အထုတ်အပိုးများ
ပြင်ကာ  လှေများရှိရာ ထွက်လာလေသည်  ရေပြင်၏
လိုင်းလူပ်ရှာများက ကြမ်းတမ်းလေသည် တစ်ချို့လည်း အထုပ်အပိုး ပြင်နေကြလေသည် ။

   ထိုစဉ်ပြင်းထန်သော လိုင်းလုံးများတက် လာကာ
လှေတစ်ချို့တိမ်းမှောက်သွားလေသည် မကြာလိုက်ပါ
ကျွန်းတစ်ခု လုံး ရေလွှမ်း သွားလေတော့သည်။

   မနက်လင်းသောအခါ  ဖားကျွန်းရွာ လေးမှ အသက်မဲ့သော
အလောင်းတစ်ချို့သာတွေ့ရလေသည်။ ကျန်အလောင်း
များ က ရေစီးဖြင့် မျှောသွာဟန်ရှိလေသည်။
တစ်ချို့က တော့ မကျွတ်လွတ်ပဲ ကျွန်းစောင့် နေရသည်
ဟု ပြောကြလေသည်။ 

     ''ဒါဆို ကျွန်တော် တို့ ရောက်ခဲ့ တာ ဖားကျွန်းရွာ ပေါ့''
    ဦးအေးမောင် ပြန်ရှင်းပြ မှ ကြောက်လန့် နေကြလေသည်။

   ''အင်ဟုတ်တယ် ဆရာတော်   ပြောတုန်းက လူစားလည်း
ဖို့လား မေးရင် ဟုတ်ပါတယ် ပြန်ပြောမိရင် အဲ့လူကကျွန်မှာ
အပြီး နေရတက်တယ်တဲ့''
            ဦးအေးမောင် စကားအဆုံးတွင်တော့  အကုန်လုံး
မျက်လုံးပြူးသွား ကြလေသည်။

                                             Credit to ဧက္ကရာဇ်

Friday, September 9, 2016

Videoတွေကိုmp3ပြောင်းနိုင်မယ့် mp3 video converter

မိမိဖုန်းထဲမှာရှိတဲ့videoတွေကို mp3 musicအဖြစ်ပြောင်းချင်တဲ့သူတွေအတွက်
အလွယ်ကူဆုံးပြောင်းပေးမယ့် appလေးပါ
Videoကိုmp3ပြောင်းတဲ့အခါ မူရင်းvideoလည်းမပျက်ပါဘူးဗျ

လိုအပ်မယ်ဆိုရင်အောက်မှာdownပါ။
👉DoWnLoAd👈