Mobile Phone lock ဖြေနည်း
ကျနော်တို့ ဖုန်းတစ်လုံးမှာ Screen lock ကျလို့ မမှတ်မိတဲ့အခါ
ဆိုင်သွားဖွင့်ခိုင်းရင် 2000 ဆိုလည်းပေးရမှာပါ 3000 ဆိုလည်းပေးရမှာပါ။
အခုကျနော်က အဲလိုပေးစရာမလို အောင်
မိမိဘာသာ lock ဖြေနည်းလေး တင်ပေးလိုက်ပါတယ်ဗျာ။
အရင်ဆုံး မိမိ ဖုန်းကိုPower ပိတ်လိုက်ပါ။
ပြီးရင် SIM - SD Card တွေကို ထုတ်ထားပါ။
ပြီးပြီဆိုရင်တော့
ဖုန်းကို Power ခလုတ်ရယ် Volume+(အသံချဲ့) ခလုတ်ရယ်ကို
ပြိုင်တူ စုံတွဲ နှိပ် ဖွင့်ပါ။
(ခြွင်းချက်= Sunsung ဖုန်းဆိုရင်တော့ Home key ပါ သုံးခုတွဲနှိပ်ပါ)
အဲဒီမှာ Security Recovery Mode ထဲရောက်သွားပါမယ်
ဖုန်း Screen ပေါ်မှာတော့ ဘာမှ နှိပ်လို့ရမှာမဟုတ်ပါဘူး
Ok! ကျနော်တို့ အဲလိုတွေ့တာနဲ့ Power ခလုတ်နဲ့ Volume ခလုတ်ကိုပဲ အလုပ်လုပ်ပါမယ်
Recovery Mode မှာပေါ်လာတဲ့ စာကြောင်းတွေထဲက
Fastory data Reset ဆိုတဲ့ စာကြောင်းလေးကို
Volume ခလုတ်နဲ့ သွားပါ။
ရောက်ပြီဆို Power ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။
ပြီးရင် ခနစောင့်ပေးလိုက်ပါ
No ဆိုတဲ့ စာကြောင်းတွေပေါ်လာပါမယ်
အဲဒီထဲမှာ Yes ဆိုတာလေးလိုက်ရှာလိုက်ပါ ပါပါတယ်
Yes ကို Volume ခလုတ်နဲ့သွားပြီး
Power ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ
Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာရင်တော့ Screen lock ဖြေပြီးပါပြီခင်ဗျာ။
( ဆိုင်မှာ 2000-3000 ပေးဖြေခိုင်းရင်လည်း ဒီတိုင်းပဲဖြေပေးမှာပါ
အဲတော့ ကိုယ့်ဟာကို လေ့လာရင်မကုန်တော့ဘူးပေါ့။ လွယ်လွယ်လေးပါနော်:)
အဆင်ပြေကြပါစေ။
#Cd
No comments:
Post a Comment